Siemens အကြောင်း

Siemens သည် electrification, automation နှင့် digitalization များကို ဦးတည်သည့် ကမ္ဘာ့အဆင့် ကုမ္ပဏီကြီးဖြစ်သည်။ Siemens သည် ကမ္ဘာ့တစ်လွှား၏ ဓာတ်အားသုံးစွဲမှု နည်းသော၊ အရင်းအမြစ်ချွေတာသော နည်းပညာများကို ထုတ်လုပ်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့ပြင် ဓာတ်အား ထုတ်လုပ်မှုစနစ်၊ ဓာတ်အားပို့လွှတ်မှုစနစ်နှင့် ရောဂါရှာဖွေရေးကိရိယာများ ကိုလည်း ထုတ်လုပ်ပံ့ပိုးပေးပါသည်။ အခြေခံအဆောက်အအုံနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် ကုမ္ပဏီက အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။

Siemens – A Global Power House

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်တွင် အဆုံးသတ်သည့် ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် Siemens သည် ယူရို ၈၃.၀ ဘီလီယံ ဝင်ငွေရရှိပြီး အသားတင်အမြတ်မှာ ယူရို ၆.၂ ဘီလီယံ ဖြစ်သည်။ လက်ရှိတွင် ကုမ္ပဏီ၏ ကမ္ဘာ့တစ်လွှား ဝန်ထမ်းဦးရေမှာ ၃၃၇,၀၀၀ ဖြစ်သည်။

Annual report 2017

Annual Report 2017

ခေါင်းစဉ် ကဏ္ဍများ

Siemens ခေါင်းစဉ် ကဏ္ဍများ

Siemens ၏ နည်းပညာ ကျွမ်းကျင်မှုများ၊ ပြီးပြည့်စုံသော လုပ်ငန်းနယ်ပယ်များ၊ ရင့်ကျက်သော အတွေ့အကြုံများ သည် ရေရှည်တည်တံ့သော ကမ္ဘာ့ အနာဂတ်အတွက် ဦးဆောင်နိုင်ရန် အကူအညီ ပေးလျက်ရှိသည်။ အိုင်တီ၊ စက်မှု လုပ်ငန်း၊ ဘဏ္ဍာရေး နှင့် စွမ်းအင်ကဏ္ဍများအပါအဝင် Siemens ၏ အောင်မြင်မှုများကို စံပြဖြစ်စေမည့် အဆင့်မြင့် ဖော်ဆောင်မှုများအတွက် အသေးစိတ်အချက်အလက်များကို ခေါင်းစဉ်ကဏ္ဍ၏ သတင်း၊ ဆန်းစစ်မှု သတင်းနှင့် ကိုးကားချက်များတွင် ရှာဖွေနိုင်ပါသည်။

ကျွန်ုပ်တို့၏ ၂၀၂၀ ရည်မှန်းချက်သည် Siemens အား အောင်မြင်သော အနာဂတ်သို့ ပို့ဆောင်ပေးပါသည်။
မဟာဗျူဟာ သုံးသပ်ချက်

ကမ္ဘာ့တစ်လွှားမှ Siemens

ကမ္ဘာ့တစ်လွှားတွင် တည်ရှိမှု

 

နှစ်ပေါင်း ၁၇၀ ကျော် တစ်လျှောက်လုံးတွင် Siemens သည် ကမ္ဘာ့အနှံ့အပြားက နိုင်ငံများတွင် နာမည်တစ်ခုဖြင့် ရပ်တည်နိုင်ခဲ့သည်။

Siemens သည် ကမ္ဘာလုံးဆိုင်ရာ ဓာတ်အားလုပ်ငန်းဖြစ်သည်။ လျှပ်စစ်စနစ်ပြုမှု လုပ်ငန်းစုကြီးဖြစ်သည်။ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားပို့လွှတ်မှု၊ စမတ်ဓာတ်အားလိုင်းစနစ်များမှအစ လုံလောက်ထိရောက်သော လျှပ်စစ်ဓာတ်အား အသုံးချကိရိယာများအထိဖြစ်သည်။ ဆေးဝါးကုသမှုတွင် ဓာတ်မှန်ပုံဖော်မှု၊ ဓာတ်ခွဲခန်းသုံး စမ်းသပ်စစ်ဆေးရေးကိရိယာများလည်း ပါဝင်သည်။ ယနေ့တွင် Siemens သည် ကမ္ဘာ့နိုင်ငံ/ဒေသပေါင်း ၂၀၀ ကျော်၌ ဝန်ထမ်းဦးရေပေါင်း ၃၇၇,၀၀၀ ကျော်ရှိသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံများ အားလုံးနီးပါးတွင် Siemens ၏ ရုံးခန်း အဆောက်အအုံများ၊ ဂိုဒေါင်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆောက်အအုံများ၊ သို့မဟုတ် အရောင်းခန်းမများ ရှိပါသည်။

Worldwide Presence

ကမ္ဘာ့တစ်လွှားရှိ အရေးကြီးဆုံး အခမ်းအနားများတွင် ကျွန်တော်တို့ ရှိနေပါသည်။ ကျွန်တော်တို့အား လာရောက် တွေ့ဆုံနိုင်ပါသည်။
Fairs & Events ပွဲနှင့် အခမ်းအနားများ

ကျွန်ုပ်တို့၏ လုပ်ငန်းများ

Siemens ဌာနခွဲများ

Electrification, Automation နှင့် Digitalization system များသည် Siemens ၏ ရေရှည် တိုးတက်မှု ပေးစွမ်းနိုင်ခဲ့သော ကဏ္ဍများ ဖြစ်သည်။ အဆိုပါ ကဏ္ဍများ၏ ဈေးကွက်အကျိုးအမြတ် အလားအလာ အပြည့်အဝရရှိရေးအတွက် Siemens သည် ဌာနခွဲ ရှစ်ဌာန ဖွဲ့စည်းထားပါသည်။ Siemens Healthineers နှင့် Siemens Wind Power တို့မှာ သီးသန့် စီမံခန့်ခွဲသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။